နှိုးဆော်လွှာ
စင်္ကာပူနိုင်ငံ Sembawang ကျောင်းတိုက် ဆရာတော် အရှင်ဣန္ဒာစရိယ၏ လမ်းညွှန်အကြံပြုချက်အရ ဗုဒ္ဓဘာသာ အနေဖြင့် အခြားသော မွတ်စလင်၊ ခရိယာန်ဘာသာများကဲ့သို့ အရေးကြုံလာလျှင် သော်လည်းကောင်း၊ မိမိဘာသာဝင်များ၏ ကောင်းကျိုး အတွက်သော်လည်းကောင်း စီမံကိန်းများချမှတ် ဆောင်ရွက်ရန် ရံပုံငွေဟူ၍ သတ်သတ်မှတ်မှတ်မရှိကြောင်း၊ ထို့ကြောင့် စင်္ကာပူနိုင်ငံတွင်အကြောင်းအမျိုးမျိုးဖြင့် လာရောက် နေထိုင် နေကြသောဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ တစ်သိန်း ခန့် ရှိမည်ဖြစ်ရာ၊ တစ်ဦးလျှင် တစ်လ ‘၁ ဒေါ်လာ’ လှူဒါန်း လျှင်ပင် ထိုလှူဒါန်းငွေသည် စင်္ကာပူနိုင်ငံတွင်ရော၊ အမိ မြန်မာနိုင်ငံတွင်ပါ လိုအပ်သောနေရာများတွင် ပြန်လည် အသုံးပြုခြင်းဖြင့် အများအကျိုးကို ထိရောက်သော နည်းလမ်း ဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ ONE DOLLAR FOUNDATION ကို ၂၀၁၀ ခုနှစ် ဇွန်လမှစ၍ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။ စင်္ကာပူနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ဒါန ကုသိုလ်ပြုရန် မဆောင် ရွက်နိုင်ခြင်း၊ ဒါနကုသိုလ်ပြုလိုသော် လည်း အခြေအနေအရ ငွေကြေးပမာဏ အနည်းအများအပေါ် ကြောင့်ကြမှု ရှိ ခြင်း၊ မည်သည့်နေရာတွင် လိုအပ်၍ မည်ကဲ့သို့လှူဒါန်းရမည်ကို မသိခြင်း စသည်တို့ကို အဆင်ပြေစေလိုသည် နှင့်အမျှ အခြားတစ်ဖက်တွင်လည်း မိမိတို့၏လစဉ်ပြုလုပ်သော ကောင်းမှု ကုသိုလ်ဖြင့် ပီတိကုသိုလ်ပွားများနိုင်စေရန် စိတ်ကူး များဖြင့် “ONE DOLLAR FOUNDATION’’ သည်
(၁)ဘာသာသာသနာရေး
(၂)အမိမြန်မာပြည်အနာဂတ်ကလေးငယ်များအတွက်ပညာရေး
(၃) အရေးပေါ်လူမှူရေးကိစ္စ
စသည့် အရေး (၃) ပါး ၏အုတ်မြစ်သဖွယ် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
ONE DOLLAR FOUNDATION အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့်စီမံကိန်းများမှာ
(၁) ဖောင်ဒေးရှင်းကြီး၏ ဘဏ္ဍာငွေမှ (၃၀%) ကို စင်္ကာပူနိုင်ငံတွင်ရောက်ရှိသီတင်းသုံးနေထိုင်လျှက် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေကြသော သံဃာတော်အရှင် သူများအနေဖြင့် သာသနာပြန့်ပွားရေးဆိုင်ရာကိစ္စရပ်များကိုသာ တစိုက်မတ်မတ် ဦးတည်ဆောင်ရွက်သွားစေနိုင်ရန် အတွက် ကျောင်း နှင့် ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စရပ်များ အတွက် ငွေပဒေသာပင်စိုက်ထူထားရန်၊၊
(၂) ဘဏ္ဍာငွေမှ (၃၅%)ကိုမြန်မာပြည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အခန်းကဏ္ဍ၏ ဘက်စုံလိုအပ်များတွင် ဖြည့်တင်းနိုင်ရန် ရည်ရွယ်၍ သုံးစွဲသွားရန်။
(၃) ဘဏ္ဍာငွေမှ (၁၂%) ကို ထူးချွန်ထက်မြက်သော် လည်း ငွေကြေးမတတ်နိုင် သော ကလေးများ ပညာဆက်လက် သင်ကြားနိုင်ရေး အတွက် ထောက်ပံ့ကြေးပေးနိုင်မည့် ရံပုံငွေ တစ်ရပ်ထူထောင်ရန်။
(၄) ဘဏ္ဍာငွေမှ (၂၀%) ကို မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံ တွင် မြန်မာလူမျိုးများ ကြုံတွေ့ရသော အရေးပေါ်ကိစ္စရပ်များ နှင့် သဘာဝဘေးအန္တရာယ်များ အတွက် လိုအပ်သည့်နေရာ တွင် လိုအပ်သလိုကူညီနိုင်ရေးအတွက် ရံပုံငွေ ထူထောင် ထားရန်။
(၅) ဘဏ္ဍာငွေမှ (၃%) ကို အထွေထွေကိစ္စအတွက် လျာထားသွားရန်။
ONE DOLLAR FOUNDATION နှင့်ပတ်သက်၍အလှူငွေထည့် ၀င်လှူဒါန်းနိုင်မည့်နေရာဌာနကို “ဓမ္မပန်းခင်းစာကြည့်တိုက် (ဓမ္မာရုံ)၊ #05-01၊ ပဉ္စမထပ်၊ ပင်နီဆူလာပလာဇာ၊’’ ကို သတ်မှတ်ထားပါသည်။ လှူဒါန်းလိုသော အလှူရှင်များအတွက် ကျယ်ကျယ် ပြန့်ပြန့် နှင့် ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန် စင်္ကာပူ နိုင်ငံတစ်ဝှမ်းလုံးရှိ MRTဘူတာရှိရာ နေရာများ အလိုက် ကိုယ်စားလှယ်များ (ကျောင်းသားလူငယ်များ) သတ်မှတ်ဆောင်ရွက်သွားပါမည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစုတည်ရှိရာ ၊ ရုံးဌာန၊ အလုပ်ရုံ၊ ဆိပ်ကမ်း၊ ကျောင်းများ အလိုက်လည်း ကိုယ်စားလှယ်များ သတ်မှတ်ဆောင်ရွက် သွားပါမည်။ အလှူငွေထည့်ဝင်မှုနှင့် သုံးစွဲမှုတို့ဆိုင်ရာ ငွေစာရင်း ရှင်းတမ်းကို အလှူရှင်များ ကုသိုလ်ပွားများနိုင်ရန် အတွက် ၃လတစ်ကြိမ်ဖော်ပြလျက် ဓမ္မပန်းခင်းဓမ္မာရုံတွင် ထုတ်ပြန် ကြေညာပေးသွားပါမည်။
အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက
Volunteer ပြုလုပ်ရန် ဆန္ဒ ရှိ/မရှိ

အမည်……………………………………………
ဖုန်းနံပါတ်……………………………………….
Email………………………………………….
အလှူတော်ငွေ…………………………………
ONE DOLLAR FOUNDATION အတွက်

ကမ်းလင့်ကြိုဆို ဖိတ်ခေါ်ပါသည်
ONE DOLLAR FOUNDATION အစီအစဉ်ဖြစ်မြောက်ရေး အတွက် အဖက်ဖက်မှကုသိုလ်ဖြစ် ၀ိုင်းဝန်းကူညီလိုသူ ဗုဒ္ဓဘာသာ မြန်မာမိတ်ဆွေများအနေဖြင့် ဆမ်ဘာဝမ်း ကျောင်းတိုက် ဆရာတော် (၉၈၅၉၅၆၆၁) ထံဆက်သွယ် လျှောက်ထား နိုင်ပါကြောင်း အသိပေးဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်လှူဒါန်းလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိုးဆော်အပ်ပါသည်။
ဦဣန္ဒာစရိယ (ဖုန်း-၉၈၅၉ ၅၆၆၁)
ဦးသုနန္ဒာလင်္ကာရ (ဖုန်း-၉၁၆၉ ၂၂၃၅)
ကိုကျော်ဝဏ (ဖုန်း-၈၂၃၆ ၉၁၅၉)
ကိုမျိုးဝင်းခိုင် (ဖုန်း- ၉၁၄၄ ၀၇၅၂)
မကြည်ပြာဝင်း (ဖုန်း-၉၄၈၉ ၄၆၂၂)